Myanmar Doing Business

Resolving Insolvency

At a Glance : လူမွဲခံယူခြင်းကို ဖြေရှင်းခြင်း

၂၀၁၉ ခုနှစ် အဆင့်     ၁၆၄

၂၀၁၉ ခုနှစ်ရမှတ်* ၂၀.၃၉ (၂၀၁၈ ခုနှစ် ရမှတ်အတိုင်း အပြောင်းအလဲမရှိ)

ဒေသတွင်းပျမ်းမျှနှုန် (အရှေ့အာရှ နှင့် ပစိဖိတ်ဒေသ)    ၄၀.၄၀

လူမွဲခံယူခြင်းကို ဖြေရှင်းခြင်း နှင့် စပ်လျဉ်းသည့် မြန်မာနိုင်ငံ၏ဆောင်ရွက်မှု သတင်းအချက်အလက်များထပ်မံရရှိရန် ဤနေရာတွင်နှိပ်ပါ။

* The distance to frontier (DTF) measure shows the distance of each economy to the “fron-tier,” which represents the best performance observed on each of the indicators across all economies in the Doing Business sample since 2005. An economy’s distance to frontier is reflected on a scale from 0 to 100, where 0 represents the lowest performance and 100 rep-resents the frontier. The ease of doing business ranking ranges from 1 to 190. (Source; World Bank)

ဘာကို တိုင်းတာမှာလဲ

ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ လူမွဲခံယူခြင်း အတွက် ကြာမြင့် ချိန်၊ ကုန်ကျစရိတ်၊ ရလဒ် နှင့် ကြွေးမြီ ပြန်လည်ရှိနိုင်သော ရာခိုင်နှုန်း နှင့် လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေမူဘောင် ခိုင်မာမှု ကိုတိုင်းတာခြင်း

ဘာလို့လုပ်တာလဲ

ကောင်းမွန်သော လူမွဲခံယူခြင်းစနစ်

  • မြီရှင်များကို ကြွေးမြီတန်ဖိုး အများဆုံးရရှိအောင် ကူညီပေးခြင်း
  • စီးပွားရေးလုပ်ငန်းများ ကို ပြန်လည်တည်ထောင်ရန် ခွင့်ပြုခြင်းနှင့် စီးပွားပျက်နေသော လုပ်ငန်းများကို အကျိုးရှိစွာ ပိတ်သိမ်းခြင်း
  • ဈေးကွက်တည်ငြိမ်မှုကို မြှင့်တင်ခြင်း နှင့် စီးပွားရေးတည်ငြိမ်မှုနှင့် ဖွံ့ဖြိုးမှုကို မြှင့်တင်ခြင်း
  • ငွေချေးပေးသူများက ငွေများများ ချေးပေးနိုင်ရေးအတွက် အားပေးခြင်း
  • အလုပ်သမားများ၏ အလုပ်ခွင် တည်မြဲရေးကို အကျိုးပြုခြင်း
  • ကုန်ပေးသွင်းသူ နှင့် ဝယ်ယူသူတို့၏ အချိတ်အဆက်ကို ကာကွယ်ထိန်းသိမ်းပေးခြင်း

 

လူမွဲခံယူမှုကို ဖြေရှင်းခြင်း - အရည်အသွေးတိုင်းတာခြင်း

အညွှန်းကိန်း အဖြေ ရမှတ်
လုပ်ထုံးလုပ်နည်း ရွေးနှုတ်ခွင့် ပိတ်ပင်ခြင်း Mirage အမှု (ဥပမာပေးထားသောအမှု) အတွက် အသုံးပြုနိုင်ခြေအရှိဆုံးသောလုပ်ထုံး လုပ်နည်း မှာ တရားရုံးက ရောင်းချခြင်းဖြင့် ရွေးနှုတ်ခွင့်ပိတ်ပင်ခြင်းဖြစ်သည်။ Mirage က ချေးငွေပေးဆပ်ရန် ပျက်ကွက်သည့်အခါ Biz ဘဏ်သည် ရန်ကုန်မြို့ရှိ ခရိုင်တရားရုံးတွင် ရွေးနှုတ်ခွင့်ပိတ်ပင်ရန်အတွက် အမှုလျှောက်ထားစွဲဆိုရမည်။
ရလဒ် ထုခွဲရောင်းချခြင်း ဟိုတယ်လည်ပတ်နေမှုကို ရပ်ဆိုင်းပြီး၊ Mirage ၏ပိုင်ဆိုင်မှု များကို တရားရုံးမှ ခန့်အပ်သည့် ဘိလစ်က လေလံတင်ရောင်းချပါမည်။  
ကြာမြင့်ချိန် (နှစ်) Biz ဘဏ်က ရရန်ကြွေးမြီများအားလုံး သို့မဟုတ် အချို့ကို ပြန်လည်ရရှိသည်အထိ ထုခွဲရောင်းချ သည့်လုပ်ငန်းစဉ်သည် (၅) နှစ်ခန့် ကြာမြင့်ပါမည်။ ယေဘုယျအားဖြင့် Mirage က ကြွေးမြီ ပေးဆပ်ရန်ပျက်ကွက်ပြီးနောက် တစ်နှစ်အကြာတွင် Biz ဘဏ်က ထုခွဲရောင်းချပေးရန် တရားရုံး သို့ လျှောက်ထားလိမ့်မည်။ အထက်ဖော်ပြပါတစ်နှစ်အတွင်း Biz ဘဏ်သည် ကြွေးမြီပြန်လည် ရရှိရန် ကြိုးစားအားထုတ်ခဲ့သော်လည်း ပေးဆပ်ရန်ပျက်ကွက်ခဲ့ကြောင်း ညွှန်ပြသည့်တရားဝင် စာရွက်စာတမ်းအထောက်အထားများရရှိရန်လိုအပ်သည်။  တရားရုံးသည် လျှောက်လွှာကို လက်ခံရရှိပြီးနောက် အမှုကို သုံးသပ်ရန်၊ Mirage သို့ အသိပေးရန် နှင့် အပြီးသတ်အမိန့်ချမှတ် ရန်အထိ အမှုကြားနာရန်အတွက် အနည်းဆုံးနှစ်ဝက်ခန့် အချိန် ကြာမြင့်သည်။ တစ်နှစ်ခွဲမှ နှစ်နှစ်ခွဲအထိ အကြာတွင် အပြန်အလှန် ကြားနာပြီးနောက် Biz ဘဏ်၏တောင်းဆို မှုအပေါ် အပြီးသတ်အမိန့် ချမှတ်လိမ့်မည်။Biz ဘဏ်က ဇာရီမှုဖွင့်လှစ်ပြီးနောက် တရားရုံးမှ ဒီကရီ အတည်ပြုသည့်အမိန့်ချမှတ်ရန်အတွက် တစ်နှစ်ခန့် ကြာမြင့်ပါသည်။ ထို့အပြင် တရားရုံးက အခွန်ကိစ္စများ အပါအဝင် တတိယပုဂ္ဂိုလ်၏တောင်းဆိုမှုများကို ဆုံးဖြတ်ရန်အတွက် ယေဘုယျအားဖြင့် တစ်နှစ်ခန့်ကြာမြင့်သည်။ ရွေးနှုတ်ခွင့်ပိတ်ပင်သည့်အမှုအား အတည်ပြု သည့်အမိန့်ချမှတ်ပြီးနောက်၊ Mirage ၏ ပိုင်ဆိုင်မှုအချက်အလက်မျာ ကောက်ယူရန်၊ ယင်းတို့ ကို လေလံတင်ရောင်းချခြင်း နှင့် စီမံခန့်ခွဲခြင်းတို့ ပြင်ဆင်ရန်အတွက် တရားရုံးသည် ဘိလစ် သို့မဟုတ် တရားရုံးပစ္စည်းထိန်းခန့်အပ်ရမည်။ ထိုသို့ရောင်းချခြင်းနှင့်  ရောင်းရငွေကို ခွဲဝေပေး ခြင်းအတွက် တစ်နှစ်ခန့် ကြာမြင့်ပါသည်။ 
ကုန်ကျစရိတ် (ပစ္စည်းအပေါ် ရာခိုင်နှုန်း) ၁၈ အမှုအတွက် ကုန်ကျစရိတ်သည် မြီရှင်ပိုင်ပစ္စည်းတန်ဖိုး၏ ၁၈ ရာခိုင်နှုန်းခန့် ကုန်ကျပါသည်။ အမှုတစ်ခုလုံးအတွက် ကုန်ကျစရိတ်တွင် ရှေ့နေစရိတ် (၁၀) ရာခိုင်နှုန်း၊ လေလံတင်ရောင်းချစရိတ် (၃) ရာခိုင်နှုန်း၊ စာရင်းစစ်နှင့် အခြားပညာရှင်စရိတ် (၄) ရာခိုင်နှုန်း နှင့် ရုံးခွန် (၁) ရာခိုင်နှုန်းတို့ ပါဝင်သည်။
ပြန်လည်ရရှိနိုင်သည့်နှုန်း (တစ်ကျပ်ပါ ပြား) ၁၄.၇ 
လူမွဲခံယူခြင်းဥပဒေမူဘောင် ခိုင်မာမှုအညွှန်း   (၀-၁၆)   ၄.၀
အမှုစတင်စွဲဆိုခြင်း အညွှန်း (၀-၃)   ၂.၀
မြီရှင်က လူမွဲခံယူသည့်အမှု စတင်ဆောင်ရွက်ရန် လုပ်ထုံးလုပ်နည်းများ ရှိပါသလား။ (ခ) မြီစားက စာရင်း ရှင်းလင်း ဖျက်သိမ်းရန်အတွက်သာ လျှောက်ထားနိုင်ပါသည်။ ၀.၅
မြီရှင်က မြီစားအပေါ် လူမွဲခံယူမှုစွဲဆိုရန် လူမွဲခံယူခြင်းဆိုင်ရာဥပဒေမူဘောင်ရှိပါသလား။  (ခ) ရှိပါသည်။ သို့ရာတွင် မြီရှင်က စာရင်းရှင်းလင်း ဖျက်သိမ်းရန်အတွက်သာ လျှောက်ထား နိုင်ပါသည်။ ၀.၅
လူမွဲခံယူခြင်းဆိုင်ရာမူဘောင်အရ လူမွဲခံယူမှုစတင်ရန်အတွက် မည်သည့်အခြေခံလုပ်ထုံးလုပ်နည်းများ အရ ခွင့်ပြုသနည်း။    (က) သာမန်အားဖြင့် သတ်မှတ်ထားသည့် ကြွေးမြီကို မြီစားက ပြန်လည်မပေးဆပ်နိုင် ခြင်း၊ ၁.၀
မြီစား၏ပိုင်ဆိုင်မှုများကို စီမံခန့်ခွဲခြင်းအညွှန်း (၀-၆)   ၂.၀
လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေမူဘောင်က မြီစား၏ အရေးကြီး သည့်ကုန်စည်နှင့် ဝန်ဆောင်မှုဆိုင်ရာ ပဋိညာဉ်များကို ဆက်လက်ဆောင်ရွက်ရန် ခွင့်ပြုပါသလား။ ခွင့်မပြုပါ။ ၀.၀
လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေမူဘောင်က မြီစားအပေါ် ဝန်ထုတ်ဝန်ပိုးဖြစ်စေသည့် ပဋိညာဉ် များကို ငြင်းပယ်ခွင့်ပြုပါသလား။ ပြုပါသည်။ ၁.၀
လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေမူဘောင်က ဦးစားပေးလွှဲပြောင်းမှုများကို ကန့်သတ်ပါသလား။ ကန့်သတ်ပါသည်။ ၁.၀
လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေမူဘောင်က တန်ဖိုးလျှော့လွှဲပြောင်းမှုများကို ကန့်သတ်ပါသလား။ မကန့်သတ်ပါ။ ၀.၀
လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေမူဘောင်တွင် လူမွဲခံယူသည့်အမှုစတင်ပြီးနောက် မြီစားအား ကြွေးမြီရရှိနိုင်သည့် ပြဋ္ဌာန်းချက် ရှိပါသလား။ မရှိပါ။ ၀.၀
လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေမူဘောင်တွင် အမှုစတင်ပြီးနောက် ချေးယူသည့်ကြွေးမြီကို ဦးစားပေး ပေးဆပ်ရန် သတ်မှတ်ပါသလား။  (ဂ) အမှုစတင်ပြီးနောက် ချေး ယူသည့်ကြွေးမြီကို ဦးစားပေး ပေးဆပ်ရန် မသတ်မှတ်ပါ။ ၀.၀
ပြန်လည်ဖွဲ့စည်းခြင်း အညွှန်း (၀-၃)   ၀.၀
ပြန်လည်ဖွဲ့စည်းခြင်းအစီအစဉ်ကို မည်သည့်မြီရှင်များက မဲပေးနိုင်သနည်း။ မရှိပါ။ ၀.၀
ပြန်လည်ဖွဲ့စည်းခြင်းကို ကန့်ကွက်သည့်မြီရှင်က စာရှင်း ရှင်းလင်းဖျက်သိမ်းခြင်းတွင် ရနိုင်မည့် အနည်းဆုံးတူညီသောပမာဏကို ပြန်လည်ဖွဲ့စည်းခြင်းတွင် ရရှိနိုင်မည်ဟု ဖော်ပြရမည်ဟူသော ဥပဒေပြဋ္ဌာန်းချက်ရှိပါသလား။ မရှိပါ။ ၀.၀
ပြန်လည်ဖွဲ့စည်းခြင်းအစီအစဉ်ကို မဲပေးရန်အတွက် မြီရှင်အဆင့်အတန်းကို ခွဲခြားပါသလား။ အဆင့်အတန်းတစ်ခုစီက သီးခြားမဲပေးကြပြီး၊ အဆင့်အတန်းတူညီသောမြီရှင်များသည် တူညီသည့်အဆင့်အတန်းရှိပါသလား။  မရှိပါ။ ၀.၀
မြီရှင်များပါဝင်ခြင်းအညွှန်း   ၀.၀
လူမွဲခံယူခြင်းဆိုင်ရာ ကိုယ်စားလှယ် ရွေးချယ်ရာတွင် သို့မဟုတ် ခန့်အပ်ရာတွင် မြီရှင်များ၏အတည် ပြုချက် လိုအပ်သည်ဟု ဥပဒေပြဋ္ဌာန်းချက် ရှိပါသလား။  မရှိပါ။ ၀.၀
မြီရှင်၏အဓိကကျသောပိုင်ဆိုင်မှုများကို ရောင်းချရာတွင် မြီရှင်များ၏အတည်ပြုချက် လိုအပ်သည် ဟူသော ဥပဒေပြဋ္ဌာန်းချက် ရှိပါသလား။ မရှိပါ။ ၀.၀
မြီရှင်က လူမွဲခံယူခြင်းဆိုင်ရာကိုယ်စားလှယ်ထံမှ သတင်းအချက်များတောင်းခံနိုင်သည့်အခွင့်အရေး ရှိသည်ဟူသော ဥပဒေပြဋ္ဌာန်းချက် ရှိပါသလား။ မရှိပါ။ ၀.၀
မြီရှင်သည် မြီရှင်၏တောင်းဆိုမှုကို လက်ခံသည့် သို့မဟုတ် ငြင်းဆိုသည့် ဆုံးဖြတ်ချက်ကို ကန့်ကွက်နိုင်သည့်အခွင့်အရေးရှိသည်ဟူသော ဥပဒေ ပြဋ္ဌာန်းချက် ရှိပါသလား။ မရှိပါ။ ၀.၀

 

What has improved

လူမွဲခံယူခြင်းဆိုင်ရာဥပဒေ (မူကြမ်း) အသစ်ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ရေးဆွဲ၍ ပြည်ထောင်စုလွှတ်တော်သို့ ၂၀၁၈ ခုနှစ် အောင်တိုဘာလတွင် တင်ပြခဲ့ပါသည်။ 

 

Action Plan

လုပ်ငန်းစဉ် အချိန် သတ် မှတ်ချက် အခြေအနေ
လူမွဲခံယူခြင်းဆိုင်ရာဥပဒေ ပြဋ္ဌာန်းရေး အလယ် အလတ် ကာလ လူမွဲခံယူခြင်းဆိုင်ရာဥပဒေသစ် ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်ဆဲ ဖြစ်ပါသည်။
လူမွဲခံယူခြင်းဆိုင်ရာအမှု စာရင်းများ ပြုစုထိန်းသိမ်းထားရေး ဆောင်ရွက်ဆဲ ဥပဒေသစ်ပြဋ္ဌာန်းပြီးက ဆောင်ရွက်ရန် စီစဉ်ထားပါသည်။

 

Lead Person

လူမွဲခံယူခြင်းကို ဖြေရှင်းခြင်းအညွှန်ကိန်း အထောက်အကူပြုအဖွဲ့၏ ဦးဆောင်ပုဂ္ဂိုလ်မှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးဖြစ်ပါသည်။

Our Partners

Enter your email address below to receive latest news from Myanmar Doing Business.