Myanmar Doing Business

Getting Credit

At a glance: ချေးငွေရရှိနိုင်ခြင်း

၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏အဆင့်: ၁၈၁

၂၀၁၉ ခုနှစ်၊ Distance to frontier score: ၁၀.၀၀ (၂၀၁၉ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ပြောင်းလဲမှုမရှိပါ။ )

ဒေသအတွင်းပျမ်းမျှရမှတ် (အရှေ့အာရှပစိဖိတ်ဒေသ) : ၅၈.၀၀

ချေးငွေရရှိနိုင်ခြင်းနှင့်စပ်လျဉ်းသည့် မြန်မာနိုင်ငံ၏ဆောင်ရွက်ချက် သတင်းအချက်အလက် များ ပိုမိုရယူလိုပါက ဤနေရာကိုနှိပ်ပါ၊

* The distance to frontier (DTF) ဖြင့် တိုင်းတာချက်သည် စီးပွားရေးစနစ်တစ်ခုချင်းစီ၏ အကောင်းဆုံး အနေအထားနှင့်နှိုင်းယှဉ်ပြီး ယင်းအခြေနေသို့ ရောက်ရှိရန် အကွာအဝေးကို ဖော်ပြပါသည်။ ယင်းသည် ၂၀၀၅ ခုနှစ်ကပင် Doing Business နမူနာ ကောက်ယူထားသောနိုင်ငံများ၏ အညွှန်းကိန်းတစ်ခုချင်းစီတွင် အကောင်းဆုံး အနေအထားရောက်ရှိနိုင်သည့် အကွာအဝေးနှင့်ကွားခြားချက်ကို ကိုယ်စားပြုပါသည်။ တိုင်းတာချက် စကေးမှာ ၁ မှ ၁၀၀ အထိ ရှိပြီး ၁ သည် အနိမ့်ဆုံး ဆောင်ရွက်ချက်ဖြစ်၍ ၁၀၀ သည် အကောင်းဆုံးအနေအထားကို ကိုယ်စားပြုပါသည်။ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရန်လွယ်ကူမှု အဆင့်သည် ၁ မှ ၁၉၀ အထိရှိပါသည်။ (ရင်းမြစ်- ကမ္ဘာ့ဘဏ်)

တိုင်းတာသည့်နည်း

  • Secured transactions နှင့်စပ်လျဉ်း၍ ငွေထုတ်ချေးသူနှင့်ငွေချေးယူ သူတို့၏ဥပဒေ အရ ရရှိနိုင်သည့်အခွင့်အရေး အထူးသဖြင့် အပေါင်ခံခြင်းနှင့်လူမွဲခံခြင်းဆိုင်ရာဥပဒေများ တွင် ငွေချေးခြင်းကို အထောက်အပံ့ပြုသည့် သေချာသော သွင်ပြင်လက္ခဏာ အချက် အလက်များပါရှိခြင်း ရှိ/မရှိ။ 
  • ချေးငွေဆိုင်ရာ သတင်းအချက်အလက် ထုတ်ပြန်ခြင်း အထူးသဖြင့် ချေးငွေသတင်း အချက်အလက်ဌာန သို့မဟုတ် ချေးငွေ မှတ်တမ်းတင်ဌာနများ ကဲ့သို့ ဝန်ဆောင်မှု ပေးသည့် လုပ်ငန်းများမှ တစ်ဆင့် ရရှိသော ချေးငွေဆိုင်ရာ သတင်းအချက်အလက်များ ၏ပါဝင်မှု၊နယ်ပယ်နှင့်ဝင်ရောက်ဆောင်ရွက် နိုင်မှု ရှိ/မရှိ။

ဘာကြောင့်အရေးပါသလဲ

  • သတင်းအချက်အလက် ရရှိနိုင်မှု မညီမျှခြင်းများအား လျော့ချရန်၊
  • အသေးစားလုပ်ငန်းများအတွက် ချေးငွေပိုမိုရရှိနိုင်ရန်၊
  • ချေးယူသူများအတွက် ပိုမိုကောင်းမွန်သော စည်းကမ်းချက် များရရှိစေ ရန်၊
  • ဘဏ်များကို ကြီးကြပ်ဆောင်ရွက်ခြင်း နှင့် ချေးငွေကြီးကြပ်ခြင်း တို့အတွက် အထောက်အပံ့ဖြစ်စေရန်၊

 

 မြန်မာနိုင်ငံရှိ ချေးငွေတိုးတက်ရရှိနိုင်ခြင်းအတွက် ဥပဒေဆိုင်ရာရရှိနိုင်မည့်အခွင့်အရေးများ

  အဖြေ ၂၀၂၀ပြည့်နှစ် Doing Business Report ပါ မြန်မာနိုင်ငံအပေါ်သတ်မှတ်သည့် အမှတ်
ဥပဒေဆိုင်ရာရရှိနိုင်သည့် အခွင့်အရေးအချက်အလက်အားကောင်းမှု (၀-၁၂)မှတ်   ၂.၀
စီးပွားရေးစနစ်အတွင်းရှိ ရွှေ့ပြောင်းနိုင်သောပစ္စည်းများနှင့်ပတ်သက်သော ဆောင်ရွက်ချက်များ အတွက် တသမက်တည်းရှိသော သို့မဟုတ် ပြီးပြည့်စုံသော ဥပဒေမူဘောင်တစ်ရပ် ရှိပါသလား။ အဆိုပါ ဥပဒေမူဘောင်က စီးပွားရေးစနစ်အတွင်း ရွေ့ပြောင်းနိုင်သော ပစ္စည်းများတွင် အာမခံ အကျိုးခံစားခွင့်နှင့်သက်ဆိုင်သော ဖန်တီးခွင့် အများပြည်သူသိရှိရန် ထုတ်ပြန်ခွင့် ဥပဒေဆိုင်ရာ အကျိုး သက်ရောက်ခွင့်တို့ ရှိ/မရှိ။ မရှိ

 

လုပ်ငန်းများသို့ အာမခံပစ္စည်းနှင့်စပ်လျဉ်း၍ တိကျစွာ ဖော်ပြရန်မလိုဘဲ ရွှေ့ပြောင်းနိုင်သော ပစ္စည်းအမျိုးအစားတစ်ခုခုအား တင်ပြခြင်းဖြင့် ဥပဒေမှ non possessory security right ပေးခြင်းကို  ခွင့်ပြုပါသလား။ မရှိ

 

လုပ်ငန်းများအနေဖြင့် အာမခံပစ္စည်းနှင့်စပ်လျဉ်း၍ တိကျစွာ ဖော်ပြရန်မလိုဘဲ ၎င်း၏ ပိုင်ဆိုင်မှုအားလုံးကို တင်ပြခြင်းဖြင့် ဥပဒေမှ non possessory security right ပေးခြင်းကို  ခွင့်ပြုထားပါသလား။ ရှိ

 

ရရန်ပိုင်ခွင့်များကို အာမခံအဖြစ် ရယူပြီးနောက် သို့မဟုတ် နောင်အနာဂတ်ကာလအတွက်ပါ အာမခံဆိုင်ရာအခွင့်အရေးကို တိုးချဲ့နိုင်ပါသလား ၊ ထို့အပြင် ထိုအခွင့်အရေးကို မူလ အာမခံပစ္စည်း၏ ပိုင်ဆိုင်ခွင့်ကို ထပ်တိုးထုတ်ကုန်များ၊ ရောင်းရငွေများ နှင့် လဲလှယ်မှုများ အပေါ်သို့ပါ အလိုအလျှောက် တိုးချဲ့သတ်မှတ်ခွင့်ရှိပါသလား၊ မရှိ

 

အာမခံပစ္စည်းရယူသည့် သဘောတူစာချုပ်များသည် ခွင့်ပြုထားသည့် ကြွေးမြီများနှင့် တာဝန်ဝတ္တရားများကို ယေဘူယျဖော်ပြထားချက် တစ်ရပ်ဖြစ်ပါသလား၊ ကြွေးမြီများနှင့်တာဝန် ဝတ္တရားများ၏ အမျိုးအစားများအားလုံးသည် စာချုပ်ဝင်အဖွဲ့အစည်းများအကြား ယုံကြည် စိတ်ချရမှု ရှိပါသလား၊  အာမခံပစ္စည်းရယူသည့် စာချုပ်တွင်  အာမခံပစ္စည်းအတွက် အများဆုံးရယူနိုင်သည့် ချေးငွေပမာဏ ပါရှိပါသလား။ မရှိ  
မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသော လုပ်ငန်းနှင့် မှတ်ပုံမတင်ထားသော လုပ်ငန်းများ အတွက် ပိုင်ဆိုင်မှုအမျိုးအစားအလိုက် အာမခံပစ္စည်း မှတ်ပုံတင်ခြင်းကို အီလက်ထရောနစ် နည်းလမ်းအသုံးပြု၍ အချက် အလက်များ ထည့်သွင်းသောစနစ်ဖြင့် ဆောင်ရွက်ခြင်းရှိပါ သလား။ မရှိ  
အာမခံပစ္စည်းအဖြစ်ထားရှိနိုင်သောကိစ္စရပ်များအားလုံးကို ကြိုတင်အသိပေးသည့်စနစ်ဖြင့် မှတ်ပုံတင်နိုင်သည့် အာမခံပစ္စည်းဆိုင်ရာ မှတ်ပုံတင်ဌာနရှိပါသလား။ မရှိ  
အာမခံပစ္စည်းထားရှိမှုနှင့်စပ်လျဉ်း၍ မည်သည့်တတိယအဖွဲ့အစည်းက မဆို online တွင် မှတ်ပုံတင်ခြင်း၊ ပြင်ဆင်ခြင်း၊ ဖျက်သိမ်းခြင်း၊ ရှာဖွေခြင်းတို့ကို ဆောင်ရွက်နိုင်သည့် ခေတ်မီ မှတ်ပုံတင်စနစ်ရှိပါသလား၊ မရှိ  
လူမွဲခံခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းပြင်ပတွင် ငွေချေးယူသူက ချေးငွေပြန်လည်ပေးဆပ်ရန် ပျက်ကွက်ပါက အာမခံရရှိထားသည့် ငွေချေးငှားသူက အာမခံပစ္စည်းအပေါ် အခွန်နှင့် အခြားဝန်ထမ်းလစာများမပေးမီ ဉီးစွာ ချေးငွေပြန်လည်ကောက်ခံခွင့်ရှိပါသလား၊ မရှိ  
လုပ်ငန်းစာရင်းရှင်းလင်းဖျက်သိမ်းပါက အာမခံရရှိထားသည့် ငွေချေးငှားသူက အာမခံပစ္စည်းအပေါ် အခွန်နှင့် အခြားဝန်ထမ်းလစာများမပေးမီ ဉီးစွာချေးငွေပြန်လည်ကောက်ခံခွင့် ရှိပါသလား၊ မရှိ  
တရားရုံး၏ ကြီးကြပ်မှုဖြင့် ပြန်လည်ဖွဲ့စည်းခြင်းလုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း မြီရှင်က အလိုအလျှောက် ရပိုင်ခွင့်ရှိပါသလား၊ ယင်းကဲ့သို့သော အလိုအလျှောက်ရပိုင်ခွင့်မျိုးအတွက် ရှင်းလင်းပြတ်သားသည့် အခွင့်အရေးမျိုးရရှိရန် ဥပဒေက အကာ အကွယ်ပေးထားပါသလား၊ မရှိ  
သဘောတူစာချုပ်တွင် ပါဝင်သူများအနေဖြင့် တရားရုံး၏ စီရင်ဆုံးဖြတ်ချက် ပြင်ပ၌ စာချုပ်ပါအတိုးနှုန်းတစ်ရပ်ရပ်အား သတ်မှတ်သဘောတူခွင့်ကို ဥပဒေက ခွင့်ပြုထား ပါသလား၊ ငွေချေးငှားသူအတွက် မြီစား၏ ကြွေးမြီ နှင့်  ပိုင်ဆိုင်မှုများအား အများပြည်သူ လေလံ သို့မဟုတ် တင်ဒါခေါ်ယူခြင်းမှတဆင့် အာမခံပစ္စည်းများကို ရောင်းချ၍ ချေးငွေပြန်လည်ရယူရန် ဥပဒေက ခွင့်ပြုထား ပါသလား၊ အာမခံပစ္စည်း အကျိုးခံစား ခွင့်ရှိနေစဉ်အတွင်း တရားရုံးပြင်ပစီရင်မှုမျိုးကို စာချုပ်ဝင်များအတွက် ဥပဒေက ခွင့်ပြု ထားပါသလား၊ ရှိ  

 

What has improved

မြန်မာနိုင်ငံသည် နိုင်ငံတကာစံနှုန်း၊ အလေ့အကျင့်ကောင်းများနှင့်အညီ ချေးငွေနှင့်ပတ်သက်သည့် ဥပဒေနှင့် နည်းဥပဒေဆိုင်ရာ မူဘောင်ကို သိသာ ထင်ရှားစွာ တိုးတက်ပြောင်းလဲမှုများ ဆောင်ရွက်လျက်ရှိပါသည်။ ရှေးဦးဆောင်ရွက်ချက်များကို ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊အပြည်ပြည်ဆိုင်ရာငွေရေးကြေးရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ကဲ့သို့သော အပြည်ပြည် ဆိုင်ရာဖွံဖြိုးရေးအဖွဲ့အစည်းများမှ ကူညီထောက်ပံ့မှုဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ ပွင့်လင်းမြင်သာသော၊ထိရောက်မြန်ဆန်သော ဥပဒေ နှင့် နည်းဥပဒေဆိုင်ရာစနစ်ဖြစ်စေရန် အဓိက ရည်မှန်းချက် ထားရှိပါသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ချေးငွေ သတင်းအချက်အလက်ဌာန တည်ထောင်ရန်အတွက် ချေးငွေသတင်းအချက်အလက် အစီရင်ခံခြင်း ဆိုင်ရာစည်းမျဉ်းအား ၂၀၁၇ ခုနှစ်တွင် ထုတ်ပြန်ခဲ့ပါသည်။
ပိုင်ဆိုင်မှုမှတ်ပုံတင်ခြင်းဥပဒေကို ၂၀၁၈ခုနှစ်၊ မတ်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ ထိုဥပဒေသည် ချေးငွေအပါအဝင် ပိုင်ဆိုင်မှု မှတ်ပုံတင်ခြင်းအတွက် အဓိကပံ့ပိုးပေးပြီး မရွေ့ပြောင်းနိုင်သော ပစ္စည်းများ ပိုင်ဆိုင်မှုကို မှတ်ပုံတင်ခြင်းအား အဓိကဦးတည်ထားပါသည်။
၂၀၁၈ခုနှစ်၊ မေလ ၁၇ ရက်နေ့တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ချေးငွေသတင်းအချက်အလက်ဌာန ထူထောင်ရန်အတွက် လိုင်စင် ထုတ်ပေးခဲ့ပါသည်။
၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် Secured Transaction Law ရေးဆွဲပြဋ္ဌာန်းရေးလုပ်ငန်းအဖွဲ့အား စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ဉီးဆောင်၍ ဖွဲ့စည်းခဲ့ပါသည်။
၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ညွှန်ကြားချက်အမှတ် (၁/၂၀၁၉) အား ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ ညွှန်ကြားချက်တွင် အာမခံပစ္စည်းဖြင့် ချေးခြင်းနှင့်အာမခံပစ္စည်းမဲ့ချေးခြင်းတို့အကြား ကွဲပြားသော အတိုးနှုန်းများကို သတ်မှတ်ပေးခဲ့ပါသည်။    

Secured Transactions Law (မူကြမ်း) အား လွှတ်တော်တွင် တင်ပြဆွေးနွေးနိုင်ရန် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ဥပဒေဆိုင်ရာ သဘောထားမှတ်ချက်တောင်းခံခြင်းကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ပေးပို့ခဲ့ပါသည်။

စွန့်ဦးတီထွင်လုပ်ငန်းရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် လူမွဲခံခြင်းဆိုင်ရာဥပဒေအား ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပါသည်။ အဆိုပါဥပဒေတွင် ကြွေးမြီ ပြန်လည် ပေးဆပ်ခြင်း နှင့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ခြင်း ဆိုင်ရာ အကာအကွယ်ပေးခြင်းတို့ ပါဝင်ပါသည်။

 

Action Plan

ဆောင်ရွက်ချက် အချိန်ကာလ အခြေအနေ
ခေတ်နှင့်လျော်ညီသော Secured Transaction Law ထုတ်ပြန်ခြင်း
  • Secured Transaction Law အား မူကြမ်းရေးဆွဲခြင်း
  • Secured Transaction Law ရေးဆွဲပြဌာန်းရေးလုပ်ငန်းအဖွဲ့အား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနကဖွဲ့စည်းခဲ့ပါသည်။ ငွေရေးကြေးရေးကြီးကြပ် စစ်ဆေးရေးဉီးစီးဌာနက ဦးဆောင်ရန် တာဝန်ပေးအပ်ခြင်း ခံရသဖြင့် ညွှန်ကြားရေးမှူးချုပ်၊ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေး ဉီးစီးဌာနက အဆိုပါအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပါသည်။
ကာလလတ် [Update required]
ချေးငွေသတင်းအချက်အလက်ဌာနတွင် အရွယ်ရောက်ပြီးသူ လူဦးရေ၏ ၅% က ချေးငွေဆိုင်ရာ သတင်း အချက်အလက်များ တင်ပြပြီးဖြစ်စေရန်
  • မြန်မာနိုင်ငံချေးငွေသတင်းအချက်အလက်ဌာနမှ Software vendor အဖြစ် Equifax ကို ငှားရမ်းနိုင်ရေးအတွက် စာချုပ်ချုပ်ဆိုခြင်းကို ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။
  • မြန်မာနိုင်ငံချေးငွေ သတင်းအချက်အလက်ဌာနအနေဖြင့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် လုပ်ငန်းစတင် နိုင်မည်ဖြစ်ပါသည်။
  • ချေးငွေသတင်းအချက်အလက်စနစ် တည်ထောင်ပြီးနောက် အရွယ်ရောက်ပြီးသူ လူဦးရေ၏ ၅% ထံမှ ချေးငွေ သတင်းအချက်အလက် ရရှိနိုင်ခြင်း ရှိ/ မရှိ သိရှိနိုင်ရန် အချက်အလက်စာရင်းစစ်တမ်း ကောက်ခံ ခြင်းကို ဆောင်ရွက်မည်ဖြစ်ပါသည်။
ကာလရှည် [Update required]
Secured Transaction Law ထုတ်ပြန်ပြီးနောက် အာမခံပစ္စည်းမှတ်ပုံတင်ခြင်းကို ဆောင်ရွက်ပါမည်။ ကာလရှည် [Update required]

 

Lead Person

ဒေါ်မေတိုးဝင်း
Getting Credit Indicator အထောက်အကူပြုအဖွဲ့အဖွဲ့ခေါင်းဆောင်၊
ညွှန်ကြားရေးမှူးချုပ်၊နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာန၊မြန်မာနိုင်ငံတော်ဗဟိုဘဏ်

Our Partners

Enter your email address below to receive latest news from Myanmar Doing Business.